
#Breaking မန္တလေးမှာ ဆိုင်ကယ်စီးသူတစ်ဦး ဦးခေါင်းသေနတ်မှန်သေဆုံး မန္တလေးမြို့ ၄၁ Aလမ်း၊ ၆၄ လမ်းနဲ့ ၆၅ လမ်းကြားမှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နေ့လည် တစ်နာရီခွဲလောက်က ဆိုင်ကယ်စီးလာတဲ့ လူတစ်ဦး ခေါင်းကို သေနတ်မှန်သေဆုံးခဲ့ပါတယ်။ အဲ့ဒီနားမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တောင်းဆိုဆန္ဒပြသူတွေကို ဖြိုခွင်းနေတာဖြစ်ပါတယ်။ သေဆုံးသူဟာ ဆိုင်ကယ်ဦးထုတ်ဆောင်းထားပြီး ဦးထုတ်ကိုဖောက်ကာ ခေါင်းကိုမှန်တာဖြစ်တာကြောင့် ကျည်အစစ်နဲ့ ပစ်တာလို့ ယူဆရပါတယ်။ #dvbtvnews #Mandalay #shotdead #police #crackdown #Myanmar #MilkTeaAlliance Credit: