
တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်း အွန်လိုင်းကနေ မနက်ဖြန် ကြည့်နိုင်ပြီ ဇန်နဝါရီ - ၁၆ ၊၂၀၂၁ ပြီးခဲ့တဲ့ ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းကို မနက်ဖြန် ဇန်နဝါရီ၁၇ရက် မနက်၆နာရီကစလို့ အွန်လိုင်းကနေကြည့်ရှုနိုင်တယ်လို့ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဝက်ဘ်ဆိုက်(https://mmexamscore.org)ကို ဝင်ရောက်ပြီး ကျောင်းသား၊ ကျောင်းသူတွေရဲ့ ခုံအမှတ်၊ မွေးသက္ကရာဇ်တို့ကို ဖြည့်စွက်ပြီး ကြည့်ရှုရမှာပါ။ ကြည့်ရှုနည်းဗီဒီယိုကိုလည်း အခုလို ပြသထားပါတယ်။ စာမေးပွဲအောင်စာရင်းတွေကိုလည်း ဩဂုတ်လတုန်းက အွန်လိုင်းကနေ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ငါးလအကြာမှာ အမှတ်စာရင်းတွေကို အွန်လိုင်းကနေ ကြည့်ရှုနိုင်တာလည်းဖြစ်ပါတယ်။ အရင်နှစ်တွေက အမှတ်စာရင်းတွေကို အောင်စာရင်းထွက်ပြီးနောက် နှစ်ပတ်အကြာမှာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရုံးတွေမှာ ထုတ်ပေးခဲ့ပေမယ့် ကိုဗစ်ကြောင့် အခုလိုအွန်လိုင်းကနေကြည့်ရှုနိုင်ဖို့ ဆောင်ရွက်တာလို့လည်း သိရပါတယ်။ ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူ ကိုးသိန်းတစ်သောင်းကျော် ဖြေဆိုခဲ့ပြီး နှစ်သိန်းကိုးသောင်းကျော် အောင်မြင်ခဲ့ကာ အောင်ချက် ၃၂ရာခိုင်နှုန်းကျော်ရှိခဲ့တာပါ။ ရုပ်သံသတင်းထောက်-အိမ့်မြတ်နိုးဇော် Credit