No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြစ်ကြီးနားက ၂၂၂၂၂ အထွေထွေသပိတ်ကို ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ လိုက်လံစောင့်ကြည့်ပေး ဖေဖေါ်ဝါရီ-၂၂၊ ၂၀၂၁ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ၂၂၂၂၂ အထွေထွေသပိတ်ကို လူဦးရေ သောင်းနဲ့ချီ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ လမ်းလျှောက်ဆန္ဒဖော်ထုတ်သူတွေပါဝင်တဲ့ စစ်ကြောင်း ၄ ကြောင်း၊ ဆိုင်ကယ်စီး ဆန္ဒဖော်ထုတ်သူတွေရဲ့ စစ်ကြောင်း ၂ ကြောင်း စုစုပေါင်း စစ်ကြောင်း ၆ ကြောင်းနဲ့ ချီတက်ခဲ့ကြတာ တွေ့ရပါတယ်။ ဆန္ဒဖော်ထုတ်သူတွေက ဒီမိုကရေစီရရှိရေး၊ ဖမ်းဆီးခံခေါင်းဆောင်တွေပြန်လွှတ်ပေးရေး၊ စစ်အာဏာရှင်အလိုမရှိစတဲ့ ဆိုင်းဘုတ်တွေ၊ ကြွေးကြော်သံတွေနဲ့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ဆန္ဒဖော်ထုတ်သူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ထိပ်တိုက်တွေ့တဲ့အခါ ကြားဝင်ဖြေရှင်းပေးဖို့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ကတာဝန်ရှိသူတွေ လိုက်လံစောင့်ကြည့်နေတာလည်း တွေ့ခဲ့ရပါတယ်။ စီတာပူရပ်ကွက် နောင်ရာကွင်းမှာလည်း ဘာသာရေးဂိုဏ်းပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေနဲ့ ပြည်သူသောင်းနဲ့ချီပြီး ငြိမ်းချမ်းရေးဆုတောင်းခဲ့ကြတာပါ။ ဆန္ဒပြပွဲကို ဒေသအာဏာပိုင်တွေက တားဆီးခဲ့ပေမယ့် လုံခြုံရေးတပ်ဖွဲ့၀င်တွေနဲ့ ဆန္ဒပြသူများ ညှိ့နှိုင်းပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။ ========== Credit: