No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

တောင်ကြီးမြို့တွင် စစ်တပ်နှင့်ရဲက ပစ်ခတ် ရိုက်နှက်ဖျက်ဆီးမှုများပြုလုပ်နေ DVB ရှမ်းပြည်နယ်မြို့တော် တောင်ကြီး မှာ မတ်လ ၂၅ ရက် ဒီမနက်က သပိတ်စစ်ကြောင်းတစ်ခုကို စစ်တပ်နဲ့ ရဲက အသံဗုံးဖြင့်ပစ်ခတ်ဖြိုခွင်းအပြီး ထွက်ပြေးသူတွေနောက် လိုက်လံရှာဖွေဖမ်းဆီးနေပါတယ် ဒါ့အပြင် လမ်းဘေးရှိ ကားတွေနဲ့ ဆိုင်ကယ်တွေကိုပါ ဖျက်ဆီးသွားတဲ့အတွက် လမ်းဘေးဈေးသည်တချို့ ကြောက်ရွံ့ထိတ်လန့်ပြီး ပစ္စည်းတွေထားရစ်ကာ ဘေးလွတ်ရာထွက်ပြေးကြပါတယ် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ဖမ်းဆီးခံရသူတွေရဲ့ အခြေအနေမသိရသေးပါဘူး Photo: Credit #DVBNews #photo Credit: