No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဧရာဝတီတိုင်းထဲမှာ စက်လှေပျက်ပြီး ရိုဟင်ဂျာ ၄၁ ဦး ဖမ်းဆီးခံရ ~~~~~ ■ ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့ နွယ်ညိုချောင်းကျေးရွာမှာ သောင်တင်နေတဲ့ စက်လှေပျက်တစ်စီးပေါ်လိုက်ပါလာတဲ့ ရိုဟင်ဂျာ ၄၁ ဦးကို မြို့နယ် ရဲတပ်ဖွဲ့က ဒီကနေ့ ဖမ်းဆီးလိုက်ပါတယ်။ ရိုဟင်ဂျာ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၃၂ ဦးနဲ့ ကလေးငယ် ၃ ဦး စုစုပေါင်း ၄၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။ လှေပေါ်လိုက်ပါလာသူတွေထဲက ၄ ဦးကတော့ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေတယ်လို့ဆိုပါတယ်။ သူတို့တွေဘယ်ကလာပြီး ဘယ်ကိုသွားမှာလည်းဆိုတာကိုတော့ RFA က မသိရသေးပါဘူး။ဒီကိစ္စနဲ့ ပတ်သက်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ ဒုရဲမှုးကြီး ထွန်းရွှေကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။ ဒီနေ့ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၄၁ ဦးလုံးကို ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စုထဲက အထက်တန်းကျောင်းတစ်ကျောင်းမှာရှိတဲ့ ကိုဗစ်လူနာစောင့်ကြည့်ရေးစင်တာမှာ ထိန်းသိမ်းထားတယ်လို့ RFA က စုံစမ်းသိရပါတယ်။ Credit: