No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

သီပေါမှာမနေ့ညက ပစ်ခတ်ခံရပြီးသေဆုံးသူ နာရေး ဒီနေ့ ညနေ ပြုလုပ်မယ် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းမှာ မနေ့ကဇွန်လ ၂၃ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ပစ်ခတ်မူတွေကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ သီပေါမြို့မြန်မာရပ်ကွက်ရုံးအနီးကလက်ဖက်ရည်ဆိုင်အနီးမှာ ဇွန်လ ၂၃ရက်နေ့ည ၈နာရီလောက်မှာ အသက် ၂၇နှစ်အရွယ်ကိုအောင်မင်းသူက လက်ဖက်ရည်သောက်ပြီးအပြန်သေနတ်သံဆက်တိုက်ကြားရပြီးနောက် ပစ်ခတ်ခံရသူဟာ ဦးခေါင်းကိုထိမှန်ပြီးသေဆုံးခဲ့တာလို့ အနီးနားမျက်မြင်တွေက ပြောပါတယ်။ " အိမ်ကနေ သေနတ်သံကိုးချက်လောက်ကြားလိုက်တော့ အပြေးထွက်ကြည့်တာပဲ။ သူလက်ဖက်ရည်ဆိုင်ထွက်သွားတာသိလို့ပြေးကြည့်တာ။ ဟိုရောက်တော့ ဆိုင်ကယ်လဲပြီးခေါင်းထိတယ်လို့ပြောတယ်။ အဲ့ဒီနားကဗိုလ်မှူးတွေရဲတွေက တော့ ဆိုင်ကယ်ရပ်ခိုင်းတာမရပ်လို့သူတို့ကသေနတ်ကိုမိုးပေါ်ထောင်ပစ်တာလို့ပြောတယ်။ အလောင်းကိုလည်းရင်ခွဲရုံပို့လိုက်ကြပြီတဲ့။ ဆိုင်ကယ်နောက်ကလိုက်စီးတဲ့ကောင်လေးကလည်းကြောက်လို့ပြေးပြီးရှာလို့မရတော့ဘူး။ သူ့မိန်းမက အခှမှ ကလေးမွေးထားတာ၂၂ရက်ပဲရှိသေးတယ်။ သူ့ဟာသူ လက်ဖက်ရည်သောက်ပြီးအပြန်မှာအခုလိုဖြစ်တာ။ ယူကျုံးမရဖြစ်တယ်" လို့ သေဆုံးသွားတဲ့ကိုအောင်မင်းသူရဲ့မိသားစုဝင်တွေကဘီဘီစီကိုပြောပါတယ်။ အလောင်းကတော့ လက်ရှိမှာ ရင်ခွဲရုံကိုရောက်ရှိနေပြီး ဒီနေ့ ညနေပိုင်းမှာ မိသားစုက သင်္ဂြိုဟ်ခွင့်ရမယ်လို့ ပြောပါတယ်။ သီပေါမြို့မှာဆိုရင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်တော်လှန်ရေးဆန့်ကျင်ဆန္ဒပြပွဲသပိတ်စစ်ကြောင်းမှာလည်း အမျိုးသားတစ်ဦးခေါင်းကျည်ထိမှန်သေဆုံးခဲ့ပြီး အခုသေဆုံးမှုဟာဒုတိယမြောက်ဖြစ်စဉ်ဖြစ်တယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။ ဒီပစ်ခတ်ခံရသူနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးပါဘူး။ ဒီသတင်းအပါအဝင်နောက်ဆုံးရသတင်းများတိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-57497528 Photo-Social Media Credit: