
၄၀ မဂ်ဂါဝပျ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းကို လုပ်ငန်း ၄ ခုဆောင်ရွက်မည် ================================================ ၄၀ မဂ်ဂါဝပျ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း ၄ ခုကိုမန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင်ပြုလုပ်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးမှ ခွင့်ပြုခဲ့ကြောင်းသိရသည်။ ယင်းအစည်းအဝေးတွင် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ် ၁၄ ခု ကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ အစည်းအဝေးတွင် လုပ်ငန်းသစ် ၁၄ခုအပါအဝင် ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄ ခု၏ မတည်ငွေရင်းတိုးမြှင့်ခြင်း ကိုလည်း ခွင့်ပြုခဲ့ကြောင်းသိရသည်။ အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၉၅ ဒသမ ၂၇၉ သန်းနှင့် ကျပ် ၁၅၃ ဒသမ ၆၈၆ ဘီလီယံ ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄၃၇၁ နေရာကို ဖန်တီး ပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။ PYP Photo:DICA Crd