
ပေါင်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ DVB မွန်ပြည်နယ်၊ ပေါင်မြို့နယ်လူငယ်တွေဟာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေး တင်းကျပ်ထားတဲ့ကြားက ဒီကနေ့ စက်တင်ဘာ ၁၁ ရက်နေ့မှာ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ပေါင်မြို့နယ်မှာတော့ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ပေါ်ရပ်ကွက် နေရာအနှံ့ လုံခြုံရေး တင်းကျပ်ထားသလို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပေါင်မြို့ရဲ့ နေရာအများစု အရပ်ဝတ်နဲ့ ကင်းလှည့်နေသလို ပိတ်ဆို့ ရှာဖွေ စစ်ဆေးတာတွေလည်း ဆက်တိုက်လုပ်နေတာပါ။ #DVB #Photo #ပေါင်မြို့နယ် #RejectM Credit: