
အာဏာသိမ်းတာကို ကန့်ကွက်ဆန့်ကျင်တဲ့ လူထုရဲ့ ဆန္ဒထုတ်ဖော်မှုတွေအရှိန်မြင့်လာချိန် ဒီနေ့ ညနေပိုင်းကစပြီး တပ်မတော် ထောက်ခံတဲ့ကားတွေဟာ ရန်ကုန်မြို့ထဲကို လှည့်ပတ်မောင်းနှင်ခဲ့တာတွေရှိလာပါတယ်။ ဒီကားတွေပေါ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကျန်းမာပါစေ ၊ ပြည်ပအားကိုးပုဆိန်ရိုး ၊ဗုဒ္ဓဘာသာတည်မြဲဖို့ တပ်မတော်ကြီးကို အားပေးစို့ ဆိုပြီးကြွေးကြော်တာတွေလည်းရှိပါတယ်။ ဒီလို တပ်ထောက်ခံရေးကားတွေ မြို့ထဲဘက်ထွက်လာတာကြောင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတဲ့သူတွေအနေနဲ့ ထိပ်တိုက်မတွေ့ကြဖို့ လူမှုကွန်ရက်မှာ ပို့စ်တွေ ရေးပြီးအသိပေးတာတွေ လည်းရှိလာပါတယ်။ ဒီနေ့ညနေပိုင်းမှာလည်း MRTV ကနေ လက်ရှိအချိန်မှာ ဒီမိုကရေစီလူ့အခွင့်အရေးကိုအကြောင်းပြပြီး ဥပဒေချိုးဖောက်မှုတွေရှိလာကြောင်း ၊ ပြည်သူတရပ်လုံးက ဥပဒေမဲ့ ကျုးလွန်သူတွေကို လက်မခံကြရုံသာမက နိုင်ငံလူမျိုးအကျိုးအတွက်ပူးပေါင်းလက်တွဲ တားဆီပယ်ရှားဖို့ ပြည်သူတွေထံ မေတ္တာရပ်ခံချက် ထုတ်ပြန်ခဲ့ပါတယ်။ Trucks carrying military supporters were seen driving around Yangon when the protests against the coup gained momentum this evening. People on the trucks also shouted slogans such as "May senior-general Min Aung Hlaing healthy", "Stooges relying on external forces" and "Let's support Tatmadaw for the prevalence of Buddhism". People also posted on social media warning peaceful protesters not to confront the military supporters. In the evening, MRTV, state-owned TV channel currently controlled by the military, also warned people of law-breaking acts committed in the name of democracy and human rights, and requested people to get rid of the violaters together. Credit: