
လူမှုဖူလုံရေးကြေးနဲ့ လုပ်ခလစာ အပြည့်ရရေးအတွက် ဒီနေ့နေ့လယ်ပိုင်းက ရန်ကုန်မြို့လယ်ရှိ BYMA ဆောက်လုပ်ရေး အလုပ်သမားတွေ ရာနှင့်ချီပြီးဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အလုပ်သမားတွေဟာ သူတို့ရဲ့ လုပ်ငန်းခွင်ရှေ့ ဗိုလ်ချုပ်လမ်းမပေါ်မှာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး နှစ်ဘက်ပြေလည်ရေးအတွက် အလုပ်သမားအရာရှိနဲ့ သက်ဆိုင်ရာ အာဏာပိုင်တို့လဲ ရောက်ရှိနေကြပြီး ညှိနှိုင်းနေကြပါတယ်။ သတင်း၊ဓာတ်ပုံ-ခင်ငြိမ်းချမ်း #DVBTV #DVBinstagram #workers #protest #dailynews #yangon #Myanmar Credit