No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့လူနာ တရက်တည်း တရာနီးပါးရှိ ~~~~~~ ■ မေလ ၂၇ ရက် မနေ့တုန်းက မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၉၆ယောက် စစ်ဆေးတွေ့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ မေလ ၂၆ရက် ည ၈နာရီကနေ ၂၇ ရက်နေ့ ည ၈နာရီအတွင်း စမ်းသပ်တွေ့ရှိတဲ့ အရေအတွက်ပါ။ မြန်မာနိုင်ငံမှာ အတည်ပြုလူနာ စုစုပေါင်း တသိန်းလေးသောင်းကျော်ရှိပြီး တသိန်းသုံးသောင်းကျော်က ဆေးရုံကဆင်းခွင့်ရခဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ သေဆုံးသူအရေအတွက်တော့ မဖော်ပြထားပါဘူး။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးလုပ်သားတွေ ထောင်နဲ့ချီပြီး အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတာကြောင့် ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်မှုတွေ မြန်မာနိုင်ငံအတွင်း သိသိသာသာ အားနည်းနေပါတယ်။ မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံကတော့ အမေရိကန်ပြီးရင် ဒုတိယအများဆုံး သေဆုံးတဲ့ နိုင်ငံဖြစ်ပါတယ်။ အိန္ဒိယမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း သုံးသိန်းတသောင်းကျော် ရှိနေပြီလို့ Johns Hopkins တက္ကသိုလ်ရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ ကိုဗစ်ကြောင့် သေဆုံးရသူပေါင်း ငါးသိန်းကိုးသောင်းကျော် ရှိသွားပါပြီ။ Credit: