No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မိုးဗြဲ ရဲစခန်း PDF သိမ်း၊ ရဲများကို လက်နက်နှင့်အတူ ဖမ်းမိ ဧရာဝတီ၊ မေလ ၂၃၊ ၂၀၂၁ ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲတွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် စစ်ကောင်စီတပ်တို့ ယနေ့ ( မေလ ၂၃ ရက်) မနက်ပိုင်း အချိန်ကတည်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး မိုးဗြဲရဲစခန်းကို သိမ်းလိုက်ကြောင်း သိရသည်။ "ရဲစခန်းကို မီးရှို့တာက ၁ နာရီလောက်ကပါ။ နှစ်ဖက်စလုံးထိခိုက်မှု ရှိပါတယ်။ ၄၂၂ က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ပြည်သူ၂ ယောက်ထိထားပါတယ်။ သူတို့ဘက်က ၁၃ ဦးထက်မနည်း သေတယ်။ ၄ ယောက်ကိုတော့ ဖမ်းမိထားပါတယ်" ဟု PDF တပ်ဖွဲ့ဝင်တဦးက ပြောသည်။ အဆိုပါ ရဲ ၄ ဦးကို PDF က လက်နက်များနှင့်အတူ ဖမ်းမိထားကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် မိုးဗြဲထွေအုပ်ရုံးလည်း မီးလောင်ပြာကျသွားကြောင်း သိရသည်။ နေ့လယ်ပိုင်းတွင်လည်း ကယားပြည်နယ် လွိုင်ကော်မှ မိုးဗြဲသို့ စစ်ကူရန် လာရောက်သော စစ်ကောင်စီတပ်များကို လမ်းတွင် PDF တပ်ဖွဲ့မှ ကြားဖြတ်တိုက်ကာ မြို့ထဲသို့ မဝင်နိုင်စေရန် ခုခံပေးထားကြောင်း သိရသည်။ လက်ရှိအချိန်တွင် တိုက်ပွဲများ ငြိမ်နေသော်လည်း စစ်ကောင်စီ တပ်များ ရပ်ကွက်များအတွင်းသို့ ဝင်ရောက်နေကြသည်ဟု ဒေသခံများက ဆိုသည်။ ဓာတ်ပုံ - CJ #WhatsHappeningInMyanmar #RejectMilitaryCoup Credit: