
မြောက်ဥက္ကလာ ကန်သာယာလမ်းဆုံ အခြေအနေ ~~~~~ ■ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာလမ်းဆုံမှာ ဆန္ဒပြနေသူတွေ အကြမ်းဖက်ဖြိုခွဲခံရပြီး လူငယ်အယောက် ၃၀ ကနေ ၅၀ ကြား ကန်သာယာပန်းခြံထဲမှာ ဖမ်းဆီးခံထားရပါတယ်။ အဖမ်းခံရတဲ့လူငယ်တွေကို နေပူထဲမှာ ထိုင်ခိုင်းပြီး ရိုက်နှက်တာတွေရှိတဲ့အတွက် ပြန်လွှတ်ပေးဖို့ ရပ်ကွက်ထဲကပြည်သူတွေက ပြန်ပြီးတောင်းဆိုနေတာဖြစ်ပါတယ်။ ရာဘာကျည်ထိမှန်တာတွေလည်း ရှိနေပါတယ်။ Credit: