No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဒီရက်တွေမှာ တသောင်းတန် ငွေစက္ကူတွေ တရုတ်ဘက်ကရိုက်နှိပ်ပြီး ပြည်တွင်းကိုရောက်ရှိနေတယ်၊ တသောင်းတန်အတုတွေ ထွက်ပေါ်နေတယ် စသဖြင့် (ကောလဟာလ)သတင်းပြန့်နေတာကို တွေ့ရပါတယ်။ တသောင်းတန်အတု ကောလဟာလသတင်းက မကြာခဏဆိုသလို ပေါ်ထွက်လာတာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာတော့ ဖေဖော်ဝါရီလဆန်းတုန်းက တကြိမ်၊ မေလဆန်းပိုင်းမှာ တကြိမ် ပေါ်ထွက်လာတာကို သတိပြုမိပါတယ်။ မည်သို့ဆိုစေ တသောင်းတန်သည် ဗဟိုဘဏ်ကတရားဝင်ထုတ်ဝေထားတဲ့နေရာမှာကို ပုံစံအသစ်- အဟောင်း ၂ မျိုးရှိနေတာဖြစ်ပါတယ်။ ၂၀၁၂ ဇွန်လ ၁၅ ရက်နေ့မှာ တစ်သောင်းတန်(ပုံစံအဟောင်း) ကို စတင်ထုတ်ဝေခဲ့ပြီး၊ ၂၀၁၅ ဇူလိုင်လ ၁ ရက်နေ့မှာ ပုံစံအသစ်ကိုထုတ်ဝေခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဇွန် ကစတင်ပြီး ၅ထောင်တန်နဲ့ တသောင်းတန် ပုံစံအဟောင်းတွေကို ဗဟိုဘဏ်သို့ရောက်ရှိလာသမျှပြန်လည် သိမ်းယူပြီး ပုံစံအသစ်တွေကိုသာ ဆက်လက်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ လှည့်လည်သုံးစွဲနေကြတဲ့ တသောင်းတန်ဟာ ပုံစံအသစ်နဲ့ အဟောင်း ၂ မျိုးရှိလာပါတယ်။ တရားဝင် တသောင်းတန်ငွေစက္ကူ ၂ မျိုးကို စိစစ်နိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။ Credit to Photo credit: Myanmar Now #အက္ခရာ #ahkhara_SOLUTION Credit: