
ပလက်ဝနဲ့ တီးတိန်မှာ ပေါက်ကွဲမှုတွေဖြစ် ချင်းပြည်နယ်ပလက်ဝနဲ့ တီးတိန်မြို့တို့မှာ မနေ့ကနဲ့ ဒီနေ့ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။ ။ ပလက်ဝမှာ ဒီနေ့ မေ ၂၈ ရက်မနက် ၇ နာရီခွဲလောက်မှာ မြန်မာ့စီးပွားရေးဘဏ်ရှေ့နဲ့ ထွေအုပ်ရုံး နှစ်နေရာမှာ ရှေ့ဆင့်နောက်ဆင့်ပေါက်ခဲ့တာဖြစ်တယ်လို့ သိရပြီး အပျက်အစီးထိခိုက်ဒဏ်ရာရရှိမှုကိုတော့ မသိရသေးပါဘူး။ မနေ့ကညနေပိုင်းမှာ ချင်းပြည်နယ် တီးတိန်ပညာရေးမှူးရုံးမှာလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆောက်အဦးပျက်စီးမှုတချို့ရှိခဲ့ပါတယ်။ မေ ၂၇ ရက်မနေ့က တရက်တည်းမှာပဲ ရန်ကုန်အပါအဝင် နိုင်ငံတဝန်းပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့သလို ပေါက်ကွဲမှု ၊ ပစ်ခတ်မှုတွေကြောင့်လူသေဆုံးထိခိုက်ဒဏ်ရာရတာတွေလည်းရှိနေပါတယ်။ ပုံ ၁ စာ-တီးတိန်ပညာရေးမှူးရုံးပေါက်ကွဲမှုအပြီးမြင်ကွင်း ဓာတ်ပုံ-Chin World, Social Media ဒီသတင်းအပါအဝင်နောက်ဆုံးရသတင်းများတိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-57242648 Credit: