No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

‘ဦးနှောက်သေဆုံးသွားသည့်မမြသွဲ့သွဲ့ခိုင်အား အသက်ရှူစက်ဖြုတ်ရန် မိသားစုဆုံးဖြတ်’ ရန်ကုန် - နေပြည်တော်ဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်လူစုခွဲမှုကြောင့် ဦးခေါင်းကျည်ထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည့် အသက်(၁၉)နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်အား အသက်ရှူစက်ဖြုတ်ရန် မိသားစုက ယနေ့ ဆုံးဖြတ်လိုက်ကြောင်း နေပြည်တော်ခုတင်တစ်ထောင်ဆေးရုံမှ ဆရာဝန်တစ်ဦးက အတည်ပြုသည်။ မမြသွဲ့သွဲ့ခိုင်သည် ဦးနှောက်သေဆုံးသွားပြီဟု အထူးကုဆရာဝန်များက ယမန်နေ့က ဆုံးဖြတ်လိုက်၍ ကွယ်လွန်သွားပြီဟု သတ်မှတ်ထားခြင်းဖြစ်သည်။ သို့သော် အသက်ရှူစက် ဖြုတ်မည့်အချိန်ကို မသိရှိသေးကြောင်း ယင်းဆရာဝန်က ပြောသည်။ အသက်ရှူစက်ဖြုတ်လိုက်ပါက နာရီပိုင်းအတွင်း နှလုံးခုန်နှုန်းချက်ချင်းရပ်သွား၍ သေဆုံးသွားမည်ဖြစ်ကြောင်း အဆိုပါ ဆရာဝန်က ပြောသည်။ Credit: