
စစ်တပ်ကအာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်ပြည့်မွေးနေ့ကို ပြည်တွင်းပြည်ပမှာ မနေ့ ဇွန်လ ၁၉ ရက်နေ့က ဆင်နွှဲခဲ့ကြသလို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာလည်း ပြုလုပ်ခဲ့ပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေးပန်းသပိတ်နဲ့အတူ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက်မွေးနေ့ပွဲကို အမေရိကန်ပြည်ထောင်စုရောက်တိုင်းရင်းသားတွေ စုပေါင်းကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာမြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်း၊ သရုပ်ဆောင် ဥက္ကာမင်းမောင်နဲ့ လူမှုကွန်ယက်မှာလူသိများသူ အိပန်ဆယ်လိုတို့လည်း ပါဝင်ခဲ့ကြပါတယ်။ ဓာတ်ပုံ - Terry Win Credit: