No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

တလန်ကုန်းပုဇွန်စျေးကို ဇန်နဝါရီ ၂၆ ရက်နေ့ပြန်ဖွင့်မည် . စမွတ်ဆာခွန်မြို့ရှိ တလန်ကုန်းပုဇွန်စျေးကြီးတွင် ပိုးစစ်ဆေးရန်ကျန်ရှိသော လုပ်သား ၁၂ဝဝ ဦးကို လာမည့် ၂၂ ရက်နေ့တွင် လူတိုင်းစေ့ပိုးစစ်ဆေးမည်ဖြစ်ပြီး ၂ ရက်အတွင်းအဖြေထွက်မည်ဟု သိရသည်။ ပိုးတွေ့ရှိသည့် သူများကိုခရိုင်ကွာရန်တင်းစင်တာပို့လွှဲပြောင်းပြီး ပိုးမရှိသူများသည်စျေးအတွင်းဆက်လက်နေထိုင်ရမည်ဟု သိရသည်။ . ထို့နောက် စျေးကြီးတခုလုံးအကြီးစားသန့်ရှင်းရေးပြုလုပ်ပြီး လာမည့် ၂၆ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်နိုင်မည် ဟု စမွတ်ဆာခွန် ဒုတိယ ခရိုင်မှူးကဆိုသည်။ . စမွတ်ဆာခွန်ခရိုင်တွင် စုစုပေါင်း ကုတင် ၃၆ဝဝ ဆန့် ခရိုင်ကွာရန်တင်းစင်တာ ၉ ခုရှိပြီး လက်ရှိတွင် ၄ ခုသာအသုံးပြုမှုရှိသေးသည်ဟုသိရသည်။ ထို့ပြင် Factory Quarantine စင်တာ ၁၃ ခုရှိပြီး ကုတင် ၁ ထောင်ဆန့်သည်ဟု ၎င်းကဆိုသည်။ . မူရင်း : NEWS1 ဓာတ်ပုံ : NEWS1 သတင်း : ရွှေကရင် (ရာမညမြေ) . #Myanmarlive #Myanmar #Thailand #Journal#freecopy #mahachai #samutsakorn #betterlife #EPL #UCL #Englishpremierleague #UEFAchampiansleague Credit