
ဆေးပညာမိသားစုဝင်တွေရဲ့ အောက်မေ့ဆုတောင်းပွဲ ~~~~~ ■ စစ်အာဏာရှင်ဆန့်ကျင်ရေးကာလအတွင်း ဒီရက်ပိုင်းမှာ ကျဆုံးခဲ့တဲ့ သူနာပြုသင်တန်းကျောင်း (မုံရွာ) မသဥ္ဇာဟိန်း၊ ဒေါက်တာ ဖြိုးသန့်ဝေ (ဝမ်းတွင်း)နဲ့ ဒေါက်တာ သီဟတင်ထွန်း (မန္တလေး) တို့အတွက် အောက်မေ့ဆုတောင်းပွဲကို မတ် ၃၀ ရက်၊ ဒီနေ့မနက်က မန္တလေးမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို လာရောက်တဲ့ ဆေးပညာမိသားစုဝင်တွေဟာ မပြီးပြတ်သေးတဲ့ တော်လှန်ရေးတိုက်ပွဲကို ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်နိုင်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့လည်း ကတိသစ္စာပြုခဲ့ကြပါတယ်။ Credit: