
ကမ်းခြေတစ်ခုလုံး အစိမ်းရောင်တောက်တောက်ဖြင့် တွေ့မြင်ရမယ့် ကမ်းခြေတစ်ခု ဖြစ်ပါတယ်။ ပင်လယ်ရေညှိရေမှော်များဟာ ကမ်းခြေတစ်လျောက် များပြားစွာ တည်ရှိနေပြီး ခရီးသွားပြည်သူများ ပျော်ရွှင်စွာ ဆော့ကစားနေကြပါတယ်။ ထိုအစိမ်းရောင်ကမ်းခြေသည် တရုတ်နိုင်ငံ အရှေ့ပိုင်း ပင်လယ်ဝါရှိ Qingdao ကမ်းခြေတွင် ဖြစ်ပေါ်နေခြင်း ဖြစ်ပါတယ်။ ထိုကမ်းခြေတွင် ရှေးကတည်းက တန်ပေါင်းများစွာသော ရေညှိပင်များသည် နှစ်စဉ်သောင်တင်လာလေ့ ရှိပါတယ်။ နှစ်စဉ် တန်ပေါင်း ၂၀၀၀၀ကျော်ရှိသော ရေညှိပင်မျာကို ငွေသန်းနဲ့ချီကာ လူအင်အားများစွာနှင့် ရှင်းလင်းရလေ့ ရှိပါတယ်။ သို့ရာတွင် ၂၀၀၇ ခုနှစ်မှစကာ ထိုရေညှိကမ်းခြေကို ရှင်းလင်းခြင်း မလုပ်ပဲ ခရီးသွားပြည်သူများ လာရောက်လည်ပတ်ရန် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေးခဲ့ပါတယ်။ ထို့ကြောင့်ပင် ရေညှိပင်တွေကြား လာရောက်လည်ပတ် ပျော်ရွှင်နေသော လူအများကို တွေ့မြင်ရမှာပါ။ ယခုလို သဘာဝအတိုင်းထားလိုက်ခြင်းအားဖြင့် အစိမ်းရောင်ကမ်းခြေအဖြစ် လူအများ နှစ်စဉ်လာရောက်ရာ နေရာတစ်နေရာအဖြစ် ရောက်ရှိလာခဲ့ပါတယ်။ Credit