
`ဦးဝီရသူရုံးထုတ်ပေးရန်ဆိုကာ ဆန္ဒပြတောင်းဆို' ဦးဝီရသူအားရုံးထုတ်စစ်ဆေးပေးရန်ဟုဆိုကာ အမျိုးသားရေးလှုပ်ရှားသည်ဟုဆိုသူ သံဃာအချို့အပါအဝင် လူပုဂ္ဂိုလ်အချို့က အနောက်ပိုင်းခရိုင်တရားရုံးရှေ့၌ ယနေ့နံနက်က ဆန္ဒပြတောင်းဆိုခဲ့သည်။ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄-က ဖြင့် တရားစွဲဆို ဖမ်းဝရမ်းထုတ်ခံရ ပြီးနောက် ၁၇ လအကြာ ပုန်းရှောင်နေသည့် ဦးဝီရသူက ၂၀၂၀နိုဝင်ဘာ ၂ရက်တွင် လာရောက်အဖမ်းခံခဲ့သည်။ လက်ရှိတွင် ကိုဗစ်ကပ်ရောဂါကာလဖြစ်၍ ရုံးထုတ်စစ်ဆေးခြင်းမပြုလုပ်ဘဲ Video Conferencingဖြင့် စစ်ဆေးနေခြင်းဖြစ်သည်။ ထို့ကြောင့် တရားရုံးသို့ခေါ်ဆောင် ရုံးထုတ်ပေးရန်ဟုဆိုကာ ဆန္ဒပြတောင်းဆိုနေခြင်း ဖြစ်သည်။ ဇန်နဝါရီ ၁၆ရက်ကလည်း ဦးဝီရသူရုံးထုတ်ပေးရန်ဟုဆိုကာ အင်းစိန်အကျဥ်းထောင်ရှေ့၌ ဆန္ဒပြမှုပြုလုပ်ရာ ရဲတပ်ဖွဲ့နှင့်ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ဆန္ဒပြရာတွင် ပါဝင်သူအချို့ကို အမှုဖွင့်ထားသည်။ ဓါတ်ပုံ - နစ်ကီ Crd