
မန္တလေးမြို့မှာတော့ မြို့ခံလူထုက စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြသပိတ်တွေကို ဒီနေ့ မေလ ၂၈ ရက်မှာ မြို့နယ်အလိုက်ပြုလုပ်ကြပါတယ်။ မန္တလေးပညာရေးမိသားစုသပိတ်စစ်ကြောင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာစည်မြို့နယ် ၊ အောင်မြေသာစံမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နဲ့ လူငယ်သပိတ်စစ်ကြောင်း၊ စိန်ပန်း၊တမ္ပဝတီ၊ ဘုရားကြီး၊ သမဝါယမ ကျောင်းသူကျောင်းသားများသပိတ်စစ်ကြောင်း စတာတွေပါဝင်ပါတယ်။ လက်ရှိမှာ မန္တလေးမြို့ထဲက လမ်းတချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရဲကား၊စစ်ကား၊ အိမ်စီးကား၊ဆိုင်ကယ်တွေနဲ့ လှည့်သွားနေတာတွေရှိသလို မနေ့က ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ နေရာဝန်းကျင်မှာ မော်တော်ယာဉ်တွေ ရပ်ခိုင်းပြီး စစ်ဆေးတာတွေပါရှိတယ်လို့ ဒေသခံတချို့ကပြောပါတယ်။ ဘီဘီစီရဲ့နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-57242648 Credit: