
ရန်ကုန် နံနက်ခင်းသပိတ် ဖြိုခွင်းခံရကာ လူငယ်အချို့ ဖမ်းဆီးခံရ ရန်ကုန်မြို့အနော်ရထာလမ်းမပေါ်တွင် ယနေ့ (ဇွန်လ ၃ ရက်) နံနက် ၈ နာရီခွဲခန့်က လူငယ်များစုပေါင်းကာ စစ်အာဏာရှင်စနစ် ကျရှူံးရေးအတွက် ပြုလုပ်ခဲ့သည့် စုပေါင်း လူထုသပိတ်ကို စစ်ကောင်စီက ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သည်။ လူငယ်များက တိုင်းရင်းသားရိုးရာ ဝတ်စုံများ ဝတ်ဆင်လျက် အနော်ရထာလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းဆုံမှ စတင်ကာ ချီတက်ခဲ့ကြခြင်းဖြစ်ပြီး "တောင်တန်း ပြည်မ ညီညွတ်ကြသည်"၊ "တော်လှန်စစ်ပွဲ တို့ဆင်နွှဲ " စသည့် ကြွေးကြော် သံများဖြင့် ချီတက်ခဲ့ခြင်း ဖြစ်သည်။ ယနေ့ ဆန္ဒပြပွဲမှာ ယခုရက်ပိုင်း ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သမျှ ဆန္ဒပြပွဲများအတွင်း လူအင်အားအများဆုံးဖြစ်ခဲ့ကာ စတင်ပြီး ၃ မိနစ်ခန့်အကြာတွင် စစ်ကောင်စီ လုံခြုံရေးများလာရောက်ဖြိုခွင်းခြင်း ခံခဲ့ရသည်။ ဖြိုခွင်းမှုအတွင်း လူငယ်အချို့ ဖမ်းဆီးခံခဲ့ရပြီး လူအရေအတွက်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ဓာတ်ပုံ - ဧရာဝတီ Source-ဧရာဝတီ Credit: