
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီအဖွဲ့ဓါတ်ပုံများကို ပြည်တွင် မီးရှို့ ပြည် - ၂၀၂၁ မတ် ၂၇ (မော်ကွန်း) ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ပြည်မြို့ ၌ လူငယ်များစုပေါင်း၍ အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုကို တူညီမျက်နှာဖုံးများဝတ်ဆင်ကာ စစ်ကောင်စီအဖွဲ့ဓါတ်ပုံများကို မီးရှို့ခဲ့ကြသည်။ စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ အခေါင်းအားမီးရှို့ဖျက်ဆီးခြင်း ၊ စစ်ကောင်စီအဖွဲ့ဝင်များ၏ ဓာတ်ပုံများနှင့် ၂၀၀၈ အခြေခံဥပဒေအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများဖြင့် ဆန္ဒပြပွဲအား အဆုံးသတ်ခဲ့ကြသည်။ ဓါတ်ပုံများ - CJs Credit: