
မန္တလေးသပိတ်စစ်ကြောင်းများ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး သပိတ်မှောက်ဆန္ဒပြ မန္တလေး - ၂၀၂၁ ဇွန် ၃ (မော်ကွန်း) မန္တလေးအခြေစိုက် တက္ကသိုလ်ကျောင်းသားများသပိတ်စစ်ကြောင်းနဲ့ ကျန်းမာရေးမိသားစု - မန္တလေး သပိတ်စစ်ကြောင်းတို့ရဲ့ "တောင်တန်းပြည်မ ညီညွတ်ကြသည်" သပိတ်ကို ယနေ့ ဇွန်လ ၃ ရက် နံနက်ပိုင်းက မန္တလေးမြို့တစ်နေရာမှာ ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့ကြပါတယ်။ တိုင်းရင်းသားဝတ်စုံတွေကို ဝတ်ဆင်ထားကြတဲ့ လူငယ်တွေဟာ ရောင်စုံပန်းတွေကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တသားတည်းအတူ ရပ်တည်လျက်ရှိကြောင်း ပြသတဲ့ ဆန္ဒထုတ်ဖော်ပွဲ ဖြစ်ပါတယ်။ မန္တလေးမြို့က အမာခံသပိတ်စစ်ကြောင်းတစ်ခုဖြစ်တဲ့ စိန်ပန်း သပိတ်စစ်ကြောင်းက ရွှေတိုးကုန်းနဲ့ လှည်းတန်းရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားနှစ်ယောက်ကို ဒီကနေ့ နံနက် ၄ နာရီဝန်းကျင်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ မန္တလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက်နက်တွေကိုင်ဆောင်ပြီး ဆိုင်ကယ်တွေနဲ့ လှည့်လည်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ရန်ကုန်မှာလည်း ဒီကနေ့နံနက်မှာ တိုင်းရင်းသားဝတ်စုံတွေနဲ့ ဆန္ဒပြကြပြီး စစ်အုပ်စုရဲ့ဖမ်းဆီးတာကို ဆန္ဒပြသူတချ်ု့ ခံခဲ့ရပါတယ်။ ဓာတ်ပုံများ - Time for Revolution Credit: