No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

စာသင်ကျောင်းများ တိုက်ခိုက်ခံရမှုအတွက် NUG နှင့် UNICEF က ကြေညာချက် အသီးသီးထုတ်ပြန်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ်၊ ဇွန်လ(၂) ရက် ယမန့်နေ့ရက်စွဲဖြင့် ကြေညာချက်အမှတ် (၁၉/၂၀၂၁) ကို ထုတ်ပြန်ခဲ့ပါသည်။ ယင်းကြေညာချက်တွင် စာသင်ကျောင်းများတွင် တပ်စွဲခြင်း၊ စစ်ရေးအခြေစိုက် စခန်းအသုံးပြုခြင်းနှင့် ပစ်မှတ်ထား တိုက်ခိုက်ဖောက်ခွဲနေခြင်းစသည့် အကြမ်းဖက် တရားမဲ့ လုပ်ရပ်များ လုပ်ဆောက်နေသည့် မည်သည့်အဖွဲ့အစည်းကိုမဆို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်း အသိပေး ကြေညာအပ်ပါသည်ဟု ပါရှိပါသည်။ ရန်ကုန် မြို့က ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ ၉ ဖွဲ့ ကလည်း စာသင်ကျောင်း အချို့ ကို ပစ်မှတ်ထား တာ တိုက်ခိုက်မှုများမှာ ၎င်းသက်ဆိုင်ခြင်းမရှိကြောင်းနှင့် ပြည်သူကို ထိခိုက်မည့် တိုက်ခိုက်မှုမျိုး ၎င်းတို့ မလုပ်ဆောင်ဟု ကြေညာထားပါသည်။ အာဏာသိမ်း စစ်ကောင်စီ လက်နက်ကိုင်တပ်များသည် စာသင်ကျောင်းများတွင် တပ်စွဲခြင်း၊ စစ်ရေးအခြေစိုက် စခန်းအသုံးပြုခြင်းများ ပြုလုပ်နေသည့်အပြင် တိုင်းရင်းသားပြည်နယ်များမှ စာသင်ကျောင်းများအား လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းတို့ကို ပြုလုပ်လျှက်ရှိပါသည်။ ထို့အပြင် လက်ရှိ စစ်ကောင်စီ တပ်များ လုံခြုံရေး အပြည့်အဝယူထားတဲ့ စာသင်ကျောင်းများအတွင်း မီးရှို့ခြင်းများ၊ ဗုံးဖောက်တိုက်ခိုက်ခြင်းများကိုလည်း စစ်ကောင်စီ လက်နက်တပ်ဆင် ဖွဲ့စည်းပေးထားသည့် ပျုစောထီးအမည်ရ အကြမ်းဖက် အဖွဲ့အစည်းမှ လုပ်ဆောင်နေသည်ဟု ပြည်သူများအကြား စွတ်စွဲပြောဆိုမှုများရှိနေသည်။ ထို့အတူ (UNICEF) ယူနီဆက်ကလည်း စာသင်ကျောင်းများအတွင်း အကြမ်းဖက်မှု သို့မဟုတ် ကျောင်းဝန်းကျင်တွင် အကြမ်းဖက်မှုကို လုံးဝလက်သင့် မခံနိုင်ကြောင်းနှင့် ကျောင်းများ၊ ပညာရေးဝန်ဆောင်မှုပေးသောနေရာများ၌ ပဋိပက္ခများမဖြစ်စေရန် ကာကွယ်ပေးရမည်ဟု ကြေညာချက်တစ်စောင် ထုတ်ပြန်ပါသေးသည်။ ထို့ပြင် စစ်ကောင်စီတပ်များမှ ပညာရေးဝန်ဆောင်မှုပေးသောနေရာများကို သိမ်းယူအသုံးပြုနေသောလုပ်ရပ်သည် ကလေးသူငယ်များ၏ အခွင့်အရေးများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ယူနီဆက် ကြေညာချက်တွင် ဖော်ပြသည်။ ကလေးသူငယ်များ လုံလုံခြုံခြုံ သင်ယူလေ့လာမှုများပြုလုပ်နိုင်ရန် လုံခြုံစိတ်ချရပြီး အများကပူးပေါင်းပါဝင်မှုရှိသော အခွင့်အလမ်းများလိုအပ်ပြီး လုံခြုံမှုရှိစေရေးကို ဦးစားပေးဆောင်ရွက်ရန် ယူနီဆက်က တိုက်တွန်းထားသည်။ Media 9 source - NUG ၊ UNICEF Credit: