
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ကျောင်းသားပြည်သူတွေကို ထိခိုက်စေတဲ့လုပ်ရပ်တွေ လုံးဝလုပ်ဆောင်သွား မှာမဟုတ်ဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောပါတယ်။ ထိခိုက်မူတွေရှိအောင် လုပ်ဆောင်သူတွေရှိပါကလည်း စောင့်ကြည့်ပြီး အသိပေးသွားမယ်လို့ ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ဒီအကြောင်းကိုလည်း ဇွန်လ ၃ ရက်နေ့က စုပေါင်းကြေညာချက်ထုတ်ပြန်ထားပြီး ထုတ်ပြန်ချက်ထဲမှာ ရန်ကုန်မြိုမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကျောင်းသားပြည်သူတွေကိုထိခိုက်စေတဲ့ဖြစ်ရပ်တွေဟာလည်း ရန်ကုန်မြိုကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၉ ခုရဲ့လူပ်ရှားမူတွေလုံးဝမဟုတ်ဘူးလို့ ကြေညာချက်မှာဖော်ပြထားပါတယ်။ ဒီတိုက်ခိုက်မှုအများစုကို ဘယ်အဖွဲ့အစည်းကမှ သူတို့တိုက်ခိုက်ပါတယ်လို့ ထုတ်ပြန်တာတော့မရှိသေးပါဘူး။ ဒီကြေညာချက်နဲ့ပတ်သက်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ဘီဘီစီက မေးကြည့်ထားပါတယ်။ Credit: