No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ယင်းမာပင်မြို့နယ် စည်​စွဲ​တောင်အနီး ပစ်ခတ်မှုကြောင့် ၁ ဦး ကျဆုံး DVB စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စည်​လှောင်​ကျေးရွာအနီးက စည်စွဲ​တောင်​မှာ ဇွန်လ ၆ ရက်​မနက်က အကြမ်းဖက်စစ်​ကောင်စီတပ်နဲ့ ​ပြည်သူ့ကာကွယ်​ရေးအဖွဲ့တွေ ပစ်ခတ်မှုဖြစ်ပြီး ဒေသခံ ၁ ဦး ကျဆုံးသွားတယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိ ​ဒေသခံပြည်သူ ၁ ဦးထက်မနည်း ဒဏ်ရာရရှိထားတယ်လို့ သိရပြီး ပစ်ခတ်မှု​တွေက​တော့ ဖြစ်​နေဆဲပဲလို့ ​ဒေသခံတွေက ​ပြောပါတယ်။ စစ်​ကောင်စီဘက်က စစ်အင်အား ထပ်မံဖြည့်တင်း​မှု​တွေ ရှိနေသလို ပစ်​ခတ်မှု​တွေ​ကြောင့် ​အနီးတဝိုက်မှာရှိတဲ့ ကျေးရွာ​​တွေက ​​ဒေသခံပြည်သူ​တွေ အိမ်မှာမ​နေရဲဘဲ ထွက်​ပြေး​နေကြရပါတယ်။ http://burmese.dvb.no/archives/468332 #DVB #News #ယင်းမာပင် #စည်လှောင်ကျေးရွာ #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #အကြမ်းဖက်စစ်ကောင်စီ #CrimesAgainstHumanity #HumansAreNotShields #SaveMyanmar #WhatsHappeningInMyanmar Credit: