
ကုလ အတွင်းရေးမှုးချုပ် သတိပေး ****************************** ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မှ ယမန်နေ့ည က မြန်မာစစ်ခေါင်းဆောင်များ ကျုးလွန်ခဲ့သော များသည် လက်ခံနိုင်ဖွယ် မရှိသော အကြမ်းဖက်မှုများ ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်လိုက်သည်။ မြန်မာပြည်သူများ၏ ငြိမ်းချမ်းစွာ စုရုံး ခွင့်ကို လေးစားလိုက်နာကြရန် နှင့် လက် စားချေ ခြင်း မပြုရန် ပါ တောင်းဆိုလိုက် သည်။ ကုလ အဖွဲ့ဝင် နိုင်ငံများ အားလုံး စုပေါင်း၍ သော်၎င်း၊ နိုင်ငံချင်း အလိုက် သော်၎င်း မြန်မာပြည်သူများ၏ လူ့အခွင့် အရေး နှင့် အခြေခံ လွတ်လပ်ခွင့်များကို အကာအကွယ် ပေးနိုင်ရေး အတွက် ဝိုင်း ဝန်းကြိုးပမ်းပေးကြရန် တိုက်တွန်းလိုက်သည်။ ထို့အပြင် ကုလအတွင်းရေးမှူးချုပ်မှ ၎င်း၏ အထူး သံတမန် မစ္စက် ခရစ်စတင်း ရှရေနာ ဘာဂင်ဂါ အားလည်း လိုက်လျောနိုင်သည့် စည်းကမ်းချက်မျိုး ဖြင့် နိုင်ငံတွင်း ဝင်ရောက်ခွင့်ပြုပြီး အခြေ အနေများကို မျက်မြင်ကိုယ်တွေ့ ဆန်းစစ်ခွင့်ပေးရန်ပါ အာဏာသိမ်း အဖွဲ့ အား တောင်းဆိုလိုက်သည်။ စစ်အာဏာသိမ်း အဖွဲ့၏ အာဏာများကို ပြန်လည် ထိန်းချုပ်နိုင်ရန် ရုန်းကန်တိုက် ပွဲဝင်နေသော CDM လှုပ်ရှားမှုများသည် တဖြေးဖြေး နှင့် အရှိန်ရလာနေပြီ ဖြစ် သည်။ တောင့်ထားကြပါ။ တကမ္ဘာလုံး စောင့်ကြည့်နေကြတယ်၊ တို့ခေတ် ရောက်ရမည်မလွဲ... အရေးတော်ပုံ အောင်ရမည်!!!! Credit: