
"စစ်တပ်က ဆန္ဒပြထုတ်ဖော်နေသူများကို သတ်ဖြတ်ခြင်း၊ အကျဥ်းချခြင်းများကို ရပ်တန့်ရမည်ဟု ကုလလူအခွင့်အရေးဆိုင်ရာမဟာမင်းကြီးပြော" -CDM ကို နိုင်ငံတကာက ကူညီထောက်ပံ့ရန် တိုက်တွန်း မြန်မာစစ်တပ်ဟာ ဆန္ဒပြထုတ်ဖော်နေသူများကို သတ်ဖြတ်ခြင်း၊ အကျဥ်းချခြင်းများကို ရပ်တန့်ရမည်ဟု ကုလသမဂ္ဂလူအခွင့်အရေးဆိုင်ရာမဟာမင်းကြီး Michelle Bachelet က ပြောကြားလိုက်သည်။ "နိုင်ငံတစ်ဝန်းမှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျည်အစစ်နဲ့ ပစ်ခတ်နေတာဟာ အလွန်စက်ဆုပ်ရွံရှာစရာဖြစ်ပါတယ်။ ဒဏ်ရာရသူတွေကို ပြုစုကုသပေးဖို့ ကြိုးစားတဲ့ အရေးပေါ်ဆေးအဖွဲ့တွေ၊ လူနာတင်ယာဥ်တွေကို တိုက်ခိုက်တဲ့အထောက်အထားတွေကြောင့် အံ့သြတုန်လှုပ်မိပါတယ်" ဟု Michelle Bachelet က ပြောသည်။ ထို့အပြင် ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ဝန်ထမ်းများ ရုံးမတက်လှုပ်ရှားမှု(CDM)ကို နိုင်ငံတကာက ကူညီထောက်ပံ့ရန်နှင့် မြန်မာစစ်တပ်ခေါင်းဆောင်များကို ပြင်းထန်သည့် လူ့အခွင့်အရေးကျူးလွန်ချိုးဖောက်မှုများအတွက် တာဝန်ခံမှုရှိစေရေးအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) ၊ အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)တို့၌ ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။ (တာမွေမြို့နယ်တွင် မတ်လ ၄ ရက်ကဆန္ဒပြသူများကို စစ်သားများက သေနတ်ဖြင့်ပစ်ခတ်ဖြိုခွင်းပြီးနေအိမ်များပေါ်အထိ့ကာသေနတ်ဖြင့်ပစ်နေစဥ်။ ဓါတ်ပုံ-MPA) Credit: