No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

RCSS နှင့် SSPP လွယ်ဟွမ်တောင်ကြောမှာ ၆ ရက် ဆက်တိုက် တိုက်ပွဲပြင်းထန် (၂၀၂၁ ခုနှစ်၊ ဇွန်လ ၆ ရက်) ရှမ်းအရပ်ဖက်အဖွဲ့အစည်းများနှင့် ကျောင်းသားအဖွဲ့အစည်းများမှ ရှမ်းလက်နက်ကိုင်အချင်းချင်းဖြစ်ပွားနေသော တိုက်ပွဲများရပ်၍ ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းမိားနှင့် အဖြေရှာရန် တိုက်တွန်းနေသည့် ကြားမှ ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနန်းကျေးရွာအုပ်စု နမ့်မော်ဆိုင်းကျေးရွာ တောင်ထိပ်မှာရှိတဲ့ လွယ်ဟွမ်တောင်ထိပ်မှာ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ RCSS နဲ့ SSPP တို့ရဲ့ တိုက်ပွဲဟာ ဒီနေ့အထိ ၆ ရက်တိုင် ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စစ်ပွဲကြောင့် မိုင်းနန်းကျေးရွာအုပ်စု နမ့်မော်ဆိုင်း၊ ဝမ်အစ်၊ လုပ်ခါး၊ နောင်တောင်း၊ လွယ်ဟွမ်ကျေးရွာတွေက ရွာသားတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်ဟု သတင်းရှိပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့ စစ်ကောင်စီကိုယ်စားလှယ် အဖွဲ့ဟာ SSPP နဲ့ လာ‌ရောက်တွေ့ဆုံခဲ့ပြီး နောက်ပိုင်း RCSS တပ်စခန်းတွေကို SSPP တပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်လာတာ ဖြစ်တယ်လို့ ဒီဗီဘီ သတင်း တစ်ပုဒ်မှာ ဖော်ပြပါတယ်။ RCSS တပ်စခန်းတွေကို ထိုးစစ်ဆင်နေတဲ့ SSPP တပ်ကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးပစ်ကူပေးခဲ့တဲ့ သက်သေတွေရှိနေတယ်လို့ RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေကို စစ်ကောင်စီတပ်တွေ တက်သွားသည်ဟု ဒေသခံများက ပြောကြားသော်လည်း တိုက်ပွဲကတော့ ရပ်တန့်သွားခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ ၎င်းကပင် ရှမ်းလူမျိုးအချင်းချင်း တိုက်ခိုက်နေတာကို ရပ်တန့်ပြီး စစ်အာဏာရှင်စနစ်ကို အတူတကွတွန်းလှန်ဖို့ တိုက်တွန်းပြောကြားပါတယ်။ RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က လက်ရှိ မြန်မာနိုင်ငံရေးအကျပ်အတည်းကို (NCA လမ်းကြောင်းအတိုင်း) စစ်ကောင်စီနှင့် တွေ့ဆုံညှိနှိုင်းကြဖို့ ပြောဆိုခဲ့တာကြောင့် လူထုတွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။ Media 9 source - shwe Phee myay ၊ DVB Photo - credit to original uploader Credit: