No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြန်မာကို ကမ္ဘာလုံးဆိုင်ရာလက်နက်တင်ပို့မှုပိတ်ဆို့ရေး ကုလုံကို တောင်းဆို . မြန်မာနိုင်ငံသို့ လက်နက်ရောင်းချခြင်းမပြုရန် ကမ္ဘာလုံးဆိုင်ရာလက်နက်ပိတ်ပင်ခြင်း ပေါ်ပေါက်ရေးအတွက် အစိုးရမဟုတ်သော နိုင်ငံတကာအရပ်ဖက်အဖွဲ့အစည်းပေါင်း ၁၃၇ ဖွဲ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် တောင်းဆိုလိုက်သည်ဟု သိရသည်။ . တချိန်တည်းတွင်း Justice for Myanmar အဖွဲ့မှ ပူးတွဲတောင်းဆိုချက်ကို ၎င်းတို့၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။ ယင်းအစီအစဉ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) အနေဖြင့် ဒီမိုကရေစီနည်းလမ်းတကျရွေးချယ်ထားသောအစိုးရတစ်ရပ်ကို ဖမ်းဆီးပြီး စစ်အာဏာသိမ်းသည့်ကို တုံ့ပြန့်သောအနေဖြင့် ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းထားသည်ဟု ဖော်ပြထားသည်။ . ယင်းသို့ ပိတ်ပင်ရာတွင် သင်တန်းပေးခြင်း၊ ထောက်လှမ်းရေးသတင်းနှင့် အခြားစစ်ဖက်ဆိုင်ရာ အကူအညီများ အပါအဝင် လက်နက်များ၊ ခဲယမ်းများနှင့် ယာဉ်များ၊ ဆက်သွယ်ရေးနှင့် ထောက်လှမ်းရေးကိရိယာများ ကဲ့သို့သော အရပ်ဖက်-စစ်ဖက် နှစ်မျိုးသုံးကုန်ပစ္စည်းများအပါဝင် အခြားစစ်ဖက်နှင့် ဆက်စပ်သော ကိရိယာ များတို့အား တိုက်ရိုက်နှင့် သွယ်ဝှိုက်ပံ့ပိုးခြင်း၊ ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းခြင်းတို့အား ပိတ်ပင်သင့်ကြောင်း အကြံပြုထားသည်ဟု သိရှိရသည်။ . အဆိုပါတောင်းဆိုချက်တွင် ဆယ်စုနှစ်များစွာ မြန်မာလုံခြုံရေးတပ်ဖွဲ့များ ကျူးလွန်သောရာဇဝတ်မှုများအပေါ် လုံခြုံရေးကောင်စီ၏ တုံ့ပြန်မှုသည် လုံလောက်ခြင်းမရှိခဲ့ကြောင်းနှင့် စစ်တပ်က အကြောက်အလန့်မရှိ မတရားပြုကျင့်မှုများကျူးလွန်ရန် ရဲဆေးတင်သကဲ့သို့ဖြစ်နေကြောင်း ဝေဖန်ထားသည်ဟု သိရသည်။ . ယင်းအနေအထားကိုပြောင်းလဲနိုင်ရန် ယခုကဲ့သို့ တောင်းဆိုခြင်းဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။ . မူရင်း : Mizzima Photo: UN News . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #EPL #UCL #Englishpremierleague #UEFAchampiansleague Crd: