
သေနတ်ကိုင်ပြီး ဆန္ဒပြကြတဲ့ ထရမ့် ထောက်ခံသူတွေ ဇန်နဝါရီ ၁၇ ရက်က အမေရိကန်က ပြည်နယ်တချို့ရဲ့ လွှတ်တော်တွေနားမှာ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ထောက်ခံသူတွေ၊ လက်ယာစွန်း ဝါဒီတွေက ရွေးကောက်ပွဲ ရလဒ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ FBI ထောက်လှမ်းရေး ဌာနရဲ့ ကြိုတင် သတိပေးမှုကြောင့် ပြည်နယ် လွှတ်တော်တွေမှာ လုံခြုံရေး တင်းကျပ်ထားခဲ့ပါတယ်။ ဆန္ဒပြသူ တချို့က ရိုင်ဖယ် သေနတ်တွေ ကိုင်ဆောင်လာတာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ ဒီဆန္ဒပြပွဲတွေက ပမာဏ အတိုင်းအတာ သေးငယ်ခဲ့သလို လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားတာမျိုးလည်း မရှိခဲ့ပါဘူး။ ထရမ့်ရဲ့ ဘက်တော်သားတွေက ဂျိုးဘိုင်ဒန် အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်ကို အယုံအကြည် မရှိကြောင်း ဆန့်ကျင် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဓာတ်ပုံ- AFP,EPA,Reuters Credit