No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အများပြည်သူအား ဖေဖော်ဝါရီလ ၅ရက်မှ၍ Covid ကာကွယ်ဆေးစတင်ထိုးနှံပေးသွားမည် ================================================ အများပြည်သူအား ဖေဖော်ဝါရီလ ၅ ရက်မှစ၍ Covid ကာကွယ်ဆေးစတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။ ၏ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်ကြီးသူများအားဦးစားပေးထိုးနှံပေးသွားမည်ဖြစ်ပြီး ၎င်းတို့နှင့်အတူ ပြည်ထောင်စုအဆင့် တိုင်းဒေသကြီးပြည်နယ်အဆင့်အစိုးရအဖွဲ့ဝင်များလည်းထိုးနှံကြရမည်ဖြစ်ကြောင်း သိရသည်။ နောက်လ ဖေဖော်ဝါရီ၅ရက်နေ့ကစပြီး ပြည်သူတွေကိုထိုးနှံပေးမှာဖြစ်ပါတယ်။ ပြည်သူတွေနဲ့အတူ ပြည် ထောင်စုအဆင့် တိုင်း/ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင်များ အတူထိုးနံှကြမှာဖြစ်ပါတယ်။ ပြည်သူတွေထဲက ဆိုရင် ဘယ်သူတွေကိုဦးစားပေးမလဲ။ ဒါကတော့ No doubt သံသယဖြစ်စရာမလိုတဲ့ အသက်ကြီးတဲ့ မိဘ ပြည်သူတွေ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတိုင်းမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ တတန်းတစားတည်း ဦးစား ပေးစာရင်းထဲ အမြဲပါသင့်တဲ့လူအုပ်စုဖြစ်ပါတယ်။ ဒီအုပ်စုသည်ရောဂါဖြစ်ပွားကူးစက်လွယ်ပြီး ဖြစ်ပွားလျှင် သေဆုံးမှုများပါတယ်။ ၇၅နှစ်အထက်ဆို ၅ယောက်ဖြစ်လျှင် တစ်ယောက်သေဆုံးနိုင်ပါတယ်။ ၆၁-၇၅ အသက်အရွယ်ဖြစ်လျှင် ဆယ် ယောက်လျှင် ဆယ်ဆယောက်လျှင် တစ်ယောက်သေဆုံးနိုင်ပါတယ် ဟု ဒေါက်တာခင်ခင်ကြီးက ၎င်း၏လူမှု ကွန်ယက်စာမျက်နှာက ရေးသား၍အသိပေးထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၀ပြည့်နှစ် အောက်တိုဘာလကုန်အထိ အသက် ၆၅ အထက် ၃ ဒသမ ၆သန်း၊ အသက်၆၀နှစ်အထက် ၅ ဒသမ ၆၅သန်း၊ ၁၈ နှစ်အထက် ၁၇ ဒသမ ၈၅သန်းရှိကြောင်း သိရသည်။ ယင်းအပြင် အသက်ကြီးသူများတွင်ပင် ကာကွယ်ဆေး၏ကိုယ်ခံအားတိုးတက်မှု ကောင်းမွန်ကြောင်း ကာ ကွယ် ဆေးစမ်းသပ်သည့် clinical trial တွင်ပါဝင်သောရလဒ်များအရ သွေးထဲတွင် Antibody level နှင့် Active T cells တက်ရှိမှုကို ကောင်းစွာပြသနိုင်သည်ဟု ဆိုထားကြောင်း၊ The Lancet journal Jan 8 ရက်နေ့ထုတ် တွင်လည်း UK တွင်လက်ရှိအသုံးပြုနေသော Oxford ကာကွယ်ဆေး၏ အစွမ်းထက်မြက် မှုအပေါ် သုတေ သနပြုမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း ပြောကြားထားကြောင်းလည်း ဒေါက်တာ ခင်ခင်ကြီးက ပြော ကြားထားသည်။ မြန်မာနိုင်ငံတွင် ဇန်နဝါရီ ၂၇ရက်မှစပြီး တိုင်းဒေသကြီး၊ ပြည်နယ်အနှံ့ ကျန်းမာရေးဝန်ထမ်းများကို Covid ကာ ကွယ်ဆေးစတင်ထိုးနှံပေးခဲ့ပြီး ဇန်နဝါရီလ ၂၉ ရက်နှင့် ၃၀ရက်တွင် ပြည်ထောင်စုလွှတ်တော်၊ အမျိုး သားလွှတ် တော်နှင့် တပ်မတော်သားကိုယ်စားလှယ်များကို ထိုးနှံပေးကြောင်း၊ ယခုမြန်မာနိုင်ငံတွင် ထိုးနေ သော Covid ကာကွယ်ဆေးမှာ UK နိုင်ငံတွင် အသုံးပြုနေသောကာကွယ်ဆေးကို မူပိုင်ခွင့်ရပြီး ထုတ်လုပ် သည့် ကုမ္ပဏီ ၃၀ အနက် တစ်ခုဖြစ်သည့်အတွက် Serum institute of India မှထုတ်လုပ်သော အစွမ်း ထက်ကာကွယ် ဆေးဖြစ်သဖြင့် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူတိုင်း မပျက်မကွက်ထိုးနှံမှု ခံယူနိုင် ရန်ရည်ရွယ်ပါကြောင်း လည်း ယင်းက ဆိုသည်။ မေသက် Photo- MOSH Crd