No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဇွန်လ ၄ ရက်နေ့ Han Yai မြို့နယ်ရှိ အာဏာပိုင်များ၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အာဏာပိုင်များတို့က မွေးမြူရေးဝက်အကောင်ရေ ၂၀၀ ဝန်းကျင်လောက်ဖျက်ဆီးမြေမြုပ်စွန့်ပစ်လိုက်ကြပါတယ်။ . ထိုင်းနိုင်ငံ ဟတ်ယိုင်မြို့နယ်ရှိ မွေးမြူရေးလုပ်ငန်းခွင်တွေမှာ တိရိစ္ဆာန်ကူးစက်ရောဂါ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေပါတယ်။ ခလောင်ဟေးကျေးရွာအုပ်စုမှာရှိတဲ့ မွေးမြူရေးဝက်တွေကို PRRS ဗိုင်းရတ်စ် ပိုးတွေကူးစက်ခံနေရတာတွေ့ရပြီး တိရိစ္ဆာန်ရဲ့ အသက်ရှူလမ်းကြောင်းတွေကို ဒုက္ခပေးတဲ့ ပိုးတစ်မျိုးဖြစ်ပါတယ်။ . အဆိုပါ ဗိုင်းရတ်စ်ပိုးတွေ စတင်ကူးစက်ခံနေရပြီးဆိုရင် အချိန်အတိုလေးအတွင်း တိရိစ္ဆာန်တွေကို သေစေလောက်တဲ့အထိ ဆိုးရွားနေပါတယ်။ ဗိုင်းရတ်စ်ပိုးတွေကို သတ်နိုင်တဲ့ဆေးဝါးတွေမရှိသေးဟု ဒေသခံကျန်းမာရေးဌာနတွေကပြောပါတယ်။ . ထိုကြောင့် ရောဂါပိုးစတင်တွေ့ရှိတဲ့နေရာကနေ အခြားသောနေရာတွေကို မကူးစက်နိုင်အောင် ဝက်မွေးမြူးရေးဇုံထဲမှာရှိတဲ့ ဝက်အကောင် ၂၀၀ ထက်မနည်းကို ဖျက်ဆီးပြီး မြေမြုပ်စွန့်ပစ်ခဲ့ရတယ်ဟု ဒေသခံသတင်းဌာနတွေက ဖော်ပြထားပါတယ်။ . သတင်း - ကိုချစ် ဇွဲကပင်မြေ ဓါတ်ပုံ - อีจัน ဇွန်လ ၆ ရက်နေ့ ၂၀၂၁ . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #PostbyKoChit #BKK #News Credit: