
ရုပ်ရှင်အစည်းအရုံး ဥက္ကဌဟောင်းသရုပ်ဆောင် (ဦး) ဇင်ဝိုင်းပြန်လွတ် ဒီကနေ့ ဇွန်လ (၇)ရက်နေ့ မနက်ပိုင်းမှာ ရုပ်ရှင်အစည်းအရုံးဥက္ကဌဟောင်း သရုပ်ဆောင်ဇင်ဝိုင်း အင်းစိန်ထောင်က ပြန်လွတ်လာပါတယ်လို့ သတင်းရရှိပါတယ်။ ဦး(ဇင်ဝိုင်း) ဟာ ဖေဖော်ဝါရီလ အစပိုင်းကတည်းက စစ်အာဏာရှင်တော်လှန်ရေးဆန္ဒပြမှုတွေမှာ တက်ကြွစွာပါ၀င်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးလဲဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ တက်ကြွစွာပါဝင်ခဲ့တဲ့ (ဦး) ဇင်ဝိုင်းရဲ့သားဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်းကိုလည်း စစ်ကောင်စီက ပုဒ်မ ၅၀၅ က နဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့အတွက် လွတ်မြောက်နယ်မြေ တစ်ခုမှာ ရောက်ရှိနေတယ်လို့ သတင်းရရှိပါတယ်။ ဧပြီလ(၁၅)ရက်နေ့က (ဦး)ဇင်ဝိုင်းကို ရန်ကုန်မြို့၊ ဗဟန်းရှိ သူ့အိမ်မှာ စစ်ကောင်စီတပ်များ လာရောက်ဖမ်းဆီးစဥ်ကလည်း ဘာကြောင့်ဖမ်းဆီးခဲ့သည်ကို မသိခဲ့ရသလို ပြန်လည် လွတ်မြောက်လာရခြင်းအကြောင်းကိုလည်း အသေးစိတ် မသိရှိရသေးပါဘူး။ Media 9 Photo - credit to original uploader Credit: