
ဒေါ်အောင်ဆန်းစုကြည် နဲ့ အတူနေ မိသားစုအတွက် ရှေ့နေ နှစ်ဦးက ရိက္ခာအချို့ပို့ဆောင် ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် နဲ့ အတူနေမိသားစု အတွက် ရိက္ခာနဲ့ပစ္စည်းအချို့ကို တာဝန်ရှိရဲတပ်ဖွဲ့က တဆင့် မနေ့က ရုံးထုတ်အပြီးမှာ ပို့ဆောင်ပေးခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေထဲက တစ်ဦးဖြစ်တဲ့ ဦးကြည်ဝင်း ကပြောပါတယ်။ ’’ ကျွန်တော်နဲ့ ဒေါ်စန်းမာလာညွန့် နှစ်ယောက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေမိသားစု ရှစ်ယောက်အတွက် ဆန်နဲ့ဆီ လိုအပ်တာတွေပေါ့ ၊ တခါထဲ ဝယ်ပြီး ပြန်ပို့ပေးလိုက်တာပါ ’’လို့ရှေ့နေ ဦးကြည်ဝင်း ကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က မနေ့က ဇွန် ၇ရက် ရုံးချိန်းအပြီးမှာ သူနဲ့ အတူနေသူ တွေအတွက် ငွေ နဲ့ လိုအပ်တဲ့ ဆေးဝါးတွေကို ကူညီပေးဆောင်ရွက်ပေးဖို့ ရှေ့နေတွေကို ပြောကြားခဲ့တာပါ။ အာဏာသိမ်း စစ်ကောင်စီက နေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကို အမှု ၆ ခုနဲ့ တရားစွဲဆို ထားပြီးရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ်စစ်ဖို့ သီးသန့်တရားရုံးက ဆုံးဖြတ်ထားပါတယ်။ ဘီဘီစီမြန်မာပိုင်း Credit: