
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးပြီ ဖေဖော်ဝါရီလ (၁) ရက်နေ့မှာကျင်းပမယ့် တတိယအကြိမ် လွှတ်တော်အစည်းအဝေးကို တက်ရောက်ကြမယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကိုဒီကနေ့ ဇန်နဝါရီ (၂၉)ရက်နေ့မှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၃၁၅) ဦးကို လွှတ်တော်ဝင်းအတွင်းမှာပဲ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့ကြတာပါ။ အစိုးရအနေနဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးနေရာ ဇန်နဝါရီ (၂၇) ရက်မှာကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ပထမဦးစားပေးထိုးနှံခဲ့တာပါ။ ဒီကနေ့မှာတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို ထိုးနှံပေးခဲ့ပြီး မနက်ဖြန် ဇန်နဝါရီ (၃၀) ရက်မှာတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကို ထိုးနှံပေးမှာဖြစ်ပါတယ်။ ဓာတ်ပုံ- ဆူးနစ် (NPT) Crd