No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

"ညှိနှိုင်းမှုဦးစွာလုပ်ဆောင်ပြီး ခြွင်းချက်အခြေအနေမှလွဲ၍ အင်အားအသုံးမပြုရဟု ရဲနှင့်စစ်သားများကို ICRC အသိပေး" ဆန္ဒပြမှုများတွင် တင်းမာမှုများ မြင့်တက်လာချိန် ဥပဒေသက်ရောက်ရန် ဆောင် ရွက်ရာ၌ ရဲနှင့် စစ်သားများသည် ညှိနှိုင်းမှု ဦးစွာလုပ်ဆောင်ရမည် ဖြစ်ပြီး ခြွင်းချက်အခြေအနေမှ လွဲ၍ အင်အားအသုံးမပြုရဟု အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (အိုင်စီအာရ်စီ) က ယမန်နေ့တွင် အသိပေးချက် ထုတ်ပြန်လိုက်သည်။ ဆန္ဒပြမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနေသည့်အချိန်များတွင် သေဆုံးသူများနှင့် အ လွန်အမင်း ထိခိုက်ဒဏ်ရာရသူ များအရေအတွက် များပြားလာ ချိန်တွင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် အားလုံးကိုတိုက် တွန်းသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ လွန်ခဲ့သည့် သီတင်းလေး ပတ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် မြန်မာ နိုင်ငံကြက်ခြေနီအသင်းမှ စေတ နာ့လုပ်အားရှင် ၁,၅၀၀ ဦးနှင့် လူနာတင်ယာဉ် ၁၂၀ စီးဖြင့် အရေးပေါ် ဆေးကုသမှုခံယူနိုင် ရန် ဆောင်ရွက်ပေးခဲ့သည်ဟု အိုင်စီအာရ်စီက ဆိုသည်။ Credit: