
ရန်ကုန်မြို့မှာ ဆန္ဒပြနေရာတွေမှာ မနက်အစောပိုင်းကတည်းက လုံခြုံရေးအများအပြားနဲ့ ပိတ်ဆို့ထား လူငယ်တွေဆန္ဒထုတ်ဖော်ရာ လှည်းတန်းနဲ့ေမြနီကုန်းတံတားအောက် လမ်းလယ်ကျွန်းပေါ်မှာ လုံခြုံရေးအပြည့်ချထားတာကို တွေ့ရပါတယ်။ လူငယ်တွေ မရောက်ခင် မနက်အစောပိုင်းကတည်းက အခုလိုလုံခြုံရေးချထားတာဖြစ်ပါတယ်။ ဒါတွေအပြင် သံရုံအရှေ့တွေမှာ သံရုံးရှေ့မျက်နှာစာသာ ပိတ်ဆို့ထားပေမယ့် ဒီနေ့မှာတော့ လမ်းတစ်လျှောက်ပိတ်ဆို့ထားတာတွေ့ရပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အိမ်နဲ့ အမေရိကန်သံရုံးတည်ရှိရာ တက္ကသိုလ်ရိပ်သာလမ်းကိုလည်း တောက်လျှောက်ပိတ်ထားတာကိုတွေ့ရပါတယ်။ Credit: