
မမြသွဲ့သွဲ့ခိုင် ၏ စျာပနအခမ်းအနားကို ယနေ့ ပြုလုပ်၊ အရိုးပြာကို ဂူသွင်း မြှုပ်နှံ ======================== အသက် ၂၀ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်၏ စျာပနကို ယနေ့(ဖေဖော်ဝါရီ ၂၁ ) နံနက် ၁၁ နာရီအချိန်ခန့်က ရတနာကိုးသွယ်စီချယ်ထားသော ကျွန်းအခေါင်းအတွင်းထည့်၍ နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကြီးမှ တဆင့် ပုဗ္ဗသီရိမြို့နယ် ကွေ့ကြီး သုဿန်သို့ ပြည်သူလူထုရာချီ ဂုဏ်ပြု ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ယင်းနောက် ၄င်း၏ ရုပ်အလောင်းကို မွန်းလွဲပိုင်း ၁ နာရီခွဲ အချိန်တွင် အဆိုပါ သုဿန်၌ မီးသဂြိုလ်ပြီးစီးခဲ့ကာ အရိုးပြာကို ဂူသွင်းမြှုပ်နှံခဲ့ကြောင်း သိရသည်။ မမြသွဲ့သွဲ့ခိုင် ရုပ်အလောင်းအား ထည့်သွင်းထားသည့် ရတနာကိုးသွယ်စီချယ်ထားသော ကျွန်းအခေါင်းကို နာရေးကူညီမှုအသင်း(ရန်ကုန်)၏ဥက္ကဋ္ဌဖြစ်သူ သရုပ်ဆောင်ဦးကျော်သူအပါအ၀င် စာရေးဆရာ အနုပညာ ရှင်တစ်ဦးဖြစ်သူ ကိုမောင်မောင်သိန်းနှင့် ကိုလင်းစိန်(ချက်ကလေး) တို့၏ဖန်တီးမှုဖြင့် ပြု လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး၊ ရန်ကုန်နာရေးကူညီမှု အသင်း (ရန်ကုန်)၏ အတွင်းရေးမှူးဖြစ်သူ သရုပ်ဆောင်ထွန်းကိုကို ကသွား ရောက်ပို့ဆောင် လှူဒါန်းခဲ့ကြောင်း သိရသည်။ မင်းရန်နောင် Credit: