No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရသည့် ကင်းမရွာအတွက် NUG က ကျပ်သိန်း ၁၈၀ ကျော် လှူဒါန်း DVB ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ကင်းမရွာ ပြည်သူတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ငွေကျပ် ၁၈၂ ဒသမ ၆ သိန်းကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒီအလှူငွေတွေကတော့ ကိုရီးယားနိုင်ငံ Civilian Fellowship for International Exchange ကနေ လှူဒါန်းခဲ့တာဖြစ်ပြီး သက်ဆိုင်ရာ မြေပြင်မှာ ကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့တွေဆီ အလျင်အမြန်ရောက်ရှိဖို့အတွက် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ချိတ်ဆက်ဆောင်ရွက်ပေးခဲ့တာလို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ http://burmese.dvb.no/archives/471077 #DVB #News #NUG #ကင်းမရွာ #အလှူငွေ Credit: