No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ရခိုင်ဝန်ကြီးချုပ် ဦးညီပု အပါအဝင် သုံးဦး ဖမ်းဆီးခံရ ~~~~~~~~ ■ ရခိုင်ပြည်နယ် ဂွမြို့နယ်မှာ မနေ့က ညက ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်နဲ့ ဂွမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးမြင့်ဆန်းတို့ကို စစ်တပ်နဲ့ရဲက ပူးပေါင်းဖမ်းဆီးသွားပါတယ်။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို မနေ့က ည ၁၀ နာရီလောက်မှာ ဖမ်းဆီး သွားတာဖြစ်ပြီး၊ ဦးရဲခေါင်ညွန့်နဲ့ ဦးမြင့်ဆန်းကိုတော့ ဒီနေ့မနက် ၁ နာရီ ဝန်းကျင်မှာ ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဦးညီပုရဲ့ရွေးကောက်ပွဲ ကိုယ်စားလှယ် ဦးစိုးမင်းအောင်က RFA ကိုပြောပါတယ်။ အခုလက်ရှိ သူတို့သုံးဦးကို ခမရ ၅၆၂ တပ်ရင်းမှာ ထိန်းသိမ်းထားပြီး ဘာကြောင့် ဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတာကိုတော့ တိတိကျကျမသိရသေးဘူးလို့လည်း သူဆိုပါတယ်။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို စစ်တပ်က အာဏာစတင်သိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ၂ ရက်အကြာမှာ ပြန်လွှတ်ပေးခဲ့တာပါ။ အဲဒီနောက် အခု နောက်တစ်ကြိမ် ထပ်မံဖမ်းဆီးတာဖြစ်ပါတယ်။ ဒီနေ့မှာ ဂွမြို့နယ်က လူအင်အား ၅၀၀၀ ကျော် စစ်အစိုးရကို ဆန့်ကျင်ကြောင်း ဆန္ဒပြနေကြပါတယ်။ Credit: