No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်တွင် လက်ဖက်ရည်ဆိုင်ပိုင်ရှင် သေနတ်ပစ်ခံရပြီး သေဆုံး ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်၊ သီရိမြိုင် ၁၀ လမ်းတွင် စစ်ကောင်စီသတင်းပေးဟု အများက သတ်မှတ်ခံထားရ သူ အရုဏ်ဦး လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးကျော်အေး သည် ယနေ့ နံနက် ၆ နာရီ ၄၅ မိနစ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ "သူက စစ်ကောင်စီသတင်းပေးဆိုတာ လူတိုင်းက သိထားတယ်။ ဒလန်လုပ်တယ်ပေါ့။ သီရိမြိုင် ၁၀ လမ်းမှာ သေနတ်နဲ့ အပစ်ခံရပြီး ဆုံးသွားတယ်။ ရဲတွေ၊ စစ်သားတွေကတော့ အလောင်းကို လာသယ်သွားပြီ။ ပွဲချင်းပြီး ဆုံးတာပါ" ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်တွင် ဆန္ဒပြပွဲပါဝင်သူများနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူများကို ဦးကျော်အေးက စစ်ကောင်စီထံသို့ သတင်းပေးခဲ့သဖြင့် ဖမ်းဆီးခံရသူ အများအပြား ရှိခဲ့သည်ဟုလည်း ဒေသခံများက ဆိုကြသည်။ Source-Khit Thit Credit: