No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဖိလစ်ပိုင်သမ္မတဟောင်း ဘန်နစ်နိုအကွီနို ကွယ်လွန် ဖိလစ်ပိုင်သမ္မတဟောင်း ဘန်နစ်နိုအကွီနိုဟာ ဒီနေ့ ဇွန် ၂၄ ရက်မနက်မှာ ကွယ်လွန်သွားတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ ဖိလစ်ပိုင်ရဲ့ ဒီမိုကရေစီအိုင်ကွန်လို့တင်စားကြတဲ့ အရင်သမ္မတဟောင်း ကိုရာဇန် အကွီနိုနဲ့ လုပ်ကြံခံခဲ့ရတဲ့ အတိုက်ခံခေါင်းဆောင်ရဲ့သား ဘန်နစ်နို နွိုင်နွိုင်း အကွီနိုဟာ မနီလာမြို့က ဆေးရုံတစ်ခုမှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၆၁ နှစ်ရှိပြီဖြစ်တယ်လို့ ဆိုပါတယ်။ အကွီနိုဟာ ၂၀၁၀ ကနေ ၂၀၁၆ ထိ ဖိလစ်ပိုင်သမ္မတာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်မှာ အာဆီယံထိပ်သီးအစည်းအဝေးကျင်းပစဉ်တုန်းက လာရောက်ခဲ့ဖူးပါတယ်။ သူဟာ ဘာရောဂါနဲ့သေဆုံးတယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးဘဲ ဒီနေ့ ကြာသပတေးနေ့မနက်အစောပိုင်းမှာ ဆေးရုံတင်ခဲ့ရတယ်လို့ပဲ ကနဦးသတင်းတွေက ဆိုပါတယ်။ မစ္စတာ အကွီနိုဟာ အဂတိလိုက်စားမှုကို တိုက်ဖျက်မယ်လို့ ကတိကဝတ် တွေပေးပြီး ၂၀၁၀ မေလရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ မစ္စတာ အကွီနိုရဲ့ဖခင်ဟာ အတိုက်ခံခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၁၉၈၃ တုန်းက ပြည်ပမှာ နေထိုင်ပြီး ဖိလစ်ပိုင်ကို ပြန်လာတဲ့အခါ လုပ်ကြံခံခဲ့ရပြီး နောက်ပိုင်းမှာ မိခင် ကိုရာဇန် အကွီနိုက သမ္မတ ဖြစ်လာခဲ့ပါတယ်။ ပုံစာ-၂၀၁၄ ခုနှစ်က မြန်မာကအိမ်ရှင်အဖြစ် ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ သမ္မတ အကွီနိုကို တွေ့ရစဉ်။ ဓာတ်ပုံ-Getty Images Credit: