No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြန်မာအထည်ချုပ်အလုပ်သမားတွေကို အကာအကွယ်ပြုပေးတဲ့ ညွှန်ကြားလွှာ မြန်မာနိုင်ငံထဲ လတ်တလော အခြေအနေတွေကြောင့် အလုပ်ဆင်းဖို့ရာ အခက်အခဲ တွေ့ကြုံနေရတဲ့ အထည်ချုပ် စက်ရုံ အလုပ်သမားတွေကို အကာအကွယ်ပြု ပေးရမယ်ဆိုပြီး အလုပ်သမား အခွင့်အရေး ဆိုင်ရာ မြှင့်တင်ရေး နိုင်ငံတကာ အဖွဲ့အစည်း ACT initiative ကနေ ညွှန်ကြားချက်တွေ ထုတ်ပြန်လာပါတယ်။ ACT initiative ဆိုတာ ဖိနပ် အပါအဝင် အထည်ချုပ် လုပ်ငန်းတွေထဲ ပတ်သက်နေကြတဲ့ နာမည်ကြီး ကုမ္ပဏီတွေ၊ ကုန်တိုက် အရောင်းဆိုင်တွေနဲ့ အလုပ်သမား သမဂ္ဂတွေကြား ရရှိထားတဲ့ နိုင်ငံတကာ သဘောတူမှုကနေ ပေါ်ပေါက်လာတဲ့ အဖွဲ့ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေထဲ ပါခဲ့လို့ အဖမ်းဆီး ခံရနိုင်တဲ့ အန္တရာယ်ရှိတဲ့ အတွက် အလုပ်မဆင်းပဲ တိမ်းရှောင်နေသူတွေကို အလုပ်ကနေ ထုတ်ပယ်တာမျိုး မလုပ်ဖို့ ACT initiative က စက်ရုံပိုင်ရှင်တွေကို ပြောထားတယ်လို့ သူတို့ရဲ့ ဝက်ဘ်ဆိုက် စာမျက်နှာမှာ ရေးထားပါတယ်။ ၃ ရက်ဆက်ပြီး အလုပ်မဆင်းရင် အလုပ်ထုတ်တာမျိုး မလုပ်ပဲ၊ လစာမဲ့ ခွင့်အဖြစ် သတ်မှတ်ပေးဖို့ အထည်ချုပ် လုပ်ငန်းရှင်တွေကို ပြောတာဖြစ်ပါတယ်။ အခုလို မြန်မာ အထည်ချုပ်လုပ်သားတွေ အရေး အကာအကွယ်ပေးလာတဲ့ နာမည်ကြီး ဘရင်းအမှတ်တံဆိပ် ကုမ္ပဏီတွေထဲ H&M၊ Zara ဇာယာရဲ့ပိုင်ရှင် အင်ဒီတက်ဇ် Inditex နဲ့ ပရိုင်မတ် Primark တို့ပါဝင်ပါတယ်။ #ဘီဘီစီမြန်မာပိုင်း ဓာတ်ပုံ- Getty ဒီအကြောင်းအပါအဝင် နောက်ဆုံးရသတင်းတွေ တိုက်ရိုက်တင်ဆက် ထုတ်လွှင့်မှု .... https://www.bbc.com/burmese/live/burma-57497528 Credit: