No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

တရုတ်ပြည်ရှိ ပြည်နယ်သုံးခုတွင် ဒေလ်တာမျိုးကွဲကူးစက်ပျံ့နှံ့မှုကျယ်ပြန့်လာ . တရုတ်ပြည်အရှေ့ပိုင်း နန်းကျင်းလေဆိပ်တွင်စတင်ဖြစ်ပွားခဲ့သည့် အစုအပြုံလိုက်ပိုးတွေ့ရှိမှု နှင့်ဆက်စပ်၍ အခြားပြည်နယ်သုံးခုတွင်ဒေလ်တာမျိုးကွဲကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုရှိလာနေသည်။ . ယခုပိုးကူးစက်မှုသည် ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်နေ့တွင်ဖြစ်ပွားခဲ့သော နန်းကျင်းလေဆိပ်ဝန်ထမ်း ၉ တွင်ပိုးတွေ့ရှိမှုနှင့်ဆက်နွယ်နေပြီး နောက်ထပ်ပြည်နယ်လေးခုသို့ပျံ့နှံ့သွားပြီး ပထဝီရှူထောင့် အရ ပြီးခဲ့သည့်လများအတွင်းအကျယ်ပြန့်ဆုံးကူးစက်မှုဖြစ်လာသည်။ အဆိုပါဖြစ်ရပ်သည် ဘေဂျင်းအစိုး ရ၏လောင့်ဒေါင်းချပြီး ပြည်သူအားလုံးကိုပိုးစစ်ဆေးမှုပြုသည့် လျင်လျင်မြန်မြန်ရောဂါခြေရာခံသည့် စီမံချက်ကို စိန်ခေါ်လာနေသည်။ . ကျန်စုအာဏာပိုင်အဖွဲ့က သိန်းပေါင်းများစွာသောပြည်သူကိုလော့ခ်ဒေါင်းချထားပြီး အင်တာနက်ကာ ဖေး၊ ဂျင်ကစားရုံ၊ ရုပ်ရှင်ရုံ၊ ကာရာအိုကေဆိုင်အပါအဝင် စာကြည့်တိုက်အားလုံးကိုလည်းပိတ်ထားသည် ဟု ကူးစက်ရောဂါလုပ်ငန်းကော်မတီဝင် လူ ကျင်းကဆိုသည်။ . မြို့အာဏာပိုင်အဖွဲ့ကရောဂါကူးစက်မှုကို အရေးပေါ်ထိန်းချုပ်ရန်ကြိုးစားမှုတစ်ရပ်အနေဖြင့် ၉.၂ သန်း​ေ သာနန်းကျင်းမြို့နေပြည်သူများကို ၂ ကြိမ်တိုင်တိုင်ပိုးစစ်ဆေးပေးခဲ့သည်။ ကူးစက်နှုန်းမြန်ဆန်သော ဒေလ်တာမျိုးကွဲသစ် ကို ရောဂါတားဆီးရန်ကြိုးပမ်မှုအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနေသည်ဟု လူ ကျင်းကမှတ်ချက်ပေးသည်။ . တရုတ်ပြည်အနောက်မြောက်ပိုင်းရှိ စီချွမ်းပြည်နယ်တွင် ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်နေ့က ထပ်တိုးလူနာ ၃ ဦးရှိခဲ့ပြီး မြို့တော်ဘေဂျင်းရှိ လူနေရပ်ကွက်တစ်ခုတွင် ပိုးရှိလူနာတဦးတွေ့ရှိခဲ့သည်။ ခြောက်လအ တွင်းပထမဆုံးပိုးတွေ့ရှိသည့်အဆိုပါလူနာသည် ဘေဂျင်းမြို့၏ဆင်ဖြေဖုံးရပ်တွင်နေထိုင်သူတဦးဖြစ်ပြီး တရုတ်ပြည်အလယ်ပိုင်းရှိ နာမည်ကြီးရုပ်ရှင်ပွဲတော်တစ်ခုကိုသွားရောက်လည်ပတ်ရာမှ ကူးစက် ခဲ့ခြင်းဖြစ်သည်။ . ဒါ့အပြင် ဘေဂျင်းမြို့လယ်ခေါင်ရှိ အဆင့်မြင့်ဟိုတယ်တစ်ခု၌ လာရောက်တည်းခိုသည့်နိုင်ငံခြားသား တစ်ဦးတွင်ပိုးတွေ့ရှိခဲ့၍ ဟိုတယ်ကိုလော့ခ်ဒေါင်းချထားရပြီး ယနေ့တွင် ပီပီအီးဝတ်စုံဝတ်ဆင်ထား သည့်ရဲတပ်ဖွဲ့နှင့်ဝန်ထမ်းတချို့ကဟိုတယ်ပြင်ပတွင် ဆေးဖြန်းခဲ့ရသည်။ . ယခုပိုးတွေ့ရှိသည့်လူနာများသည် ကာကွယ်ဆေးထိုးနှံထားသူများဖြစ်၍ ဗိုင်းရပ်စ်မျိုးကွဲသစ် နှင့်ရင်ဆိုင်ရသည့်အခါ ကာကွယ်ဆေး၏ထိရောက်မှုအပေါ်ပြည်သူများကစိုးရိမ်လာကြသည်။ . တရုတ်အစိုးရသည် လာမည့်နှစ်ကုန်ပိုင်းတွင် သန်း ၁၅၀၀ ရှိသောလူဦးရေ၏ ၆၅ ရာခိုင်နှုန်းကိုကာကွယ် ဆေးထိုးနှံပေးနိုင်ရန်အားကုန်ကြိုးပမ်းလျက်ရှိပြီး ပြီးခဲ့သည့်ဇူလိုင် ၂၈ ရက်နေ့အထိသန်း ၁၅၀၀ ဒို့စ်ထိုးနှံ ထားပြီဟု တရုတ်အမျိုးသားပြည်သူ့ကျန်းမာရေးကော်မတီကထုတ်ပြန်ထားသော်လည်း ကာကွယ်ဆေး ၂ ချောင်းပြည့်အောင်ထိုးနှံထားသည့်ဦးရေကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ . Ref: กรุงเทพธุรกิจ Photo : Shanghai Eye . #Myanmarworkinthailand #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #Englishpremierleague #Postbykyawkyawoo Credit: