No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြန်မာနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ၆၈၂၇၉ ဦးထိရှိပြီ ===================== မြန်မာနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ၆၈၂၇၉ ဦးထိရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ (ဇန်နဝါရီလ ၂၈ ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၂၇ ရက်တွင် ကျန်းမာရေးဝန်ထမ်း (၃၀,၅၅၁) ဦးအား ထိုးနှံပေးခဲ့ပြီး ယနေ့ ဇန်နဝါရီလ ၂၈ တွင် ကျန်းမာရေးဝန်ထမ်း (၃၇,၇၂၈) ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ၆၈၂၇၉ ဦးထိရှိခဲ့ပြီဖြစ်သည်။ ကျန်ရှိနေသော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို လာမည့်ရက်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဟု သိရသည်။ ကောင်းမြတ်ရာ ဓာတ်ပုံ - မျိုးကျော်စိုး Crd