No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ရွှေဘိုမြို့နယ် သာယာအေးရွာကို စစ်အုပ်စုဝင်ပစ်သဖြင့် ဒေသခံများ ထွက်ပြေးနေရ ရွှေဘို - ၂၀၂၁ ဇူလိုင် ၂၉ (မော်ကွန်း) စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်က သာယာအေးရွာကို အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံတပ်တွေ ဝင်ရောက်ပစ်ခတ်နေလို့ ကျေးရွာလေးရွာက ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ ဒီကနေ့ နံနက် ဆယ်နာရီခန့်က ရွှေဘိုမြို့နယ် သာယာအေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေပစ်ခတ်နေတာဖြစ်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေလည်း ကြားနေရကြောင်း၊ လူသေဆုံးထိခိုက်မှုတော့ မသိရသေးကြောင်း အနီးနားကျေးရွာတွေက ဒေသခံများက ပြောပါတယ်။ သာယာအေးရွာက ဒေသခံတွေလည်း ထွက်ပြေးနေရပြီး သာယာအေးရွာအနီးက ရွာတွေဖြစ်တဲ့ ပေါက်ကံရွာ၊ ဘိုးတော်တောရွာ၊ မြို့သစ်ရွာ စတဲ့ ရွာတွေက ဒေသခံပြည်သူတွေပါ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်ပစ်ခတ်မှုများကြောင့် ကျေးရွာများမှ ပြည်သူငါးထောင်ခန့် နေအိမ်များစွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ရာသီတုပ်ကွေးနဲ့ COVID - 19 ရောဂါများကြောင့်လည်း ရွှေဘိုမြို့ပေါ်အပါဝင် ကျေးရွာများမှပြည်သူများသည် အောက်ဆီဂျင်၊ ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း၊ ရွှေဘိုမြို့နယ် "နိုင်ဝန်ထမ်းမယ်"အဖွဲ့က အသိပေးထားပါတယ်။ Mawkun Magazine #Chronicle #Dailynews Website - https://mawkun.com/?p=27767 Credit: