No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဘန်လေ ၀ - မန်ချက်စတာ ယူနိုက်တက် ၁ အင်္ဂါညမှာ ပရီးမီးယားလိဂ် ပွဲစဉ် အချို့ကို ကစားခဲ့ရာမှာတော့ ဘန်လေနဲ့ မန်ယူတို့ ရဲ့ ပွဲစဉ် (၁) လက်ကျန်ပွဲမှာတော့ မန်ယူတို့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနေ့ပွဲမှာ မန်ယူတို့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပေမယ့် ဘန်လေရဲ့ ခပ်မာမာတုံ့ပြန်ကစားပုံကြောင့် ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ မန်ယူအတွက် ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာ က ၇၁ မိနစ်မှာ မားကပ် ရပ်ရှ်ဖို့ဒ် ရဲ့ ပေးပို့မှုကနေ တဆင့် တစ်လုံးတည်းသော ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ မန်ယူအနေနဲ့ အဝေးကွင်း ၁၇ ပွဲမှာ ၁၅ ပွဲနိုင်၊၂ပွဲသရေ ဆိုတဲ့ အဝေးကွင်း ရလဒ်ကောင်းတွေကို ဆက်ထိန်းနိုင်ခဲ့တာပါ။ ဒါ့အပြင်၂၀၁၂/၂၀၁၃ နောက်ပိုင်းမှာ အမှတ်ပေးဇယား ပထမ နေရာကို ပြန်လည်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် မန်ယူတို့ ရမှတ် ၃၆ မှတ်နဲ့ အမှတ်ပေးဇယားပထမနေရာရခဲ့ပြီး ဒုတိယ နေရာက လစ်ဗာပူး ကို ၃မှတ်ဖြတ်ထားနိုင်ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာတော့ အမှတ်ပေးဇယား ပထမ နေရာက မန်ယူနဲ့ ဒုတိယနေရာက လစ်ဗာပူးတို့ အန်ဖီးလ် ကွင်းမှာ ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။ ဝုဖ် ၁ - အဲဗာတန် ၂ အဲဗာတန်ကလည်း ဝုဖ်ရဲ့ အိမ်ကွင်းမှာ အနိုင်ရပြီး အမှတ်ပေးဇယား အဆင့် ၄ နေရာကို တက်လာနိုင်ခဲ့ပါတယ်။ အဲဗာတန် အတွက် ကိန်းနဲ့ အီဝိုဘီတို့က အသီးသီးသွင်းယူပေးခဲ့တာဖြစ်ပြီး ဝုဖ် အတွက် ရူဘန် နက်ဗက်စ် က သွင်းယူပေးခဲ့တာပါ။ ရှက်ဖီး ၁ - နယူးကာဆယ် ၀ ရှက်ဖီးယူနိုက်တက် အနေနဲ့ ဒီနေ့မှာ ပရီးမီးယားလိဂ် အတွက် ပထမဆုံးနိုင်ပွဲကို ပြန်လည်ရှာတွေ့နိုင်ခဲ့တာဖြစ်ပါတယ်။ ရှက်ဖီး အတွက် တစ်လုံးတည်းသော ဂိုးကိုတော့ ကျောနံပတ် ၁၀ ရှပ် က ပင်နယ်တီကနေ တဆင့် တစ်လုံးတည်းသော အနိုင်းဂိုး ကို သွင်းယူနိုင်ခဲ့တာပါ။